Monday, February 9, 2015

မိုးခေါင်းရေရှားမှုဒဏ်ကို ခံစားနေရသည့် ကယ်လီဖိုးနီးယားတွင် မိုးများရွာသွန်းခဲ့ပြီး ဒေသခံများအဆင်ပြေ

အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းရိုးတန်းတစ်လျောက်မှာ ပစိဖိတ်မုန်တိုင်း အမျိုးအစားသစ်တစ်မျိုး တိုက်ခတ်ခဲ့တာကြောင့် မိုးခေါင်းရေရှားမှုဒဏ်ကို ခံစားနေရတဲ့ ကယ်လီဖိုးနီးယားမှာ မိုးများရွာသွန်းခဲ့ပြီး ဒေသခံများအတွက် အဆင်ပြေသွားခဲ့ကြောင်း သိရပါသည်။ ပိုင်းအက်ပဲလ်-အိတ်ရှ်ပရက်စ်လို့ အမည်ရတဲ့ အနောက်ဘက်ကမ်းရိုးတန်းမုန်တိုင်းစနစ်ကြောင့် ပစိဖိတ်သမုဒ္ဒရာတစ်လျောက် စိုစွတ်တဲ့လေများ ဖြတ်သန်းတိုက်ခတ်လျှက်ရှိကာ ကယ်လီဖိုးနီးယားမြောက်ပိုင်း၊ အောရီဂွန်နှင့် ၀ါရှင်တန်တို့မှာ ဖေဖော်ဝါရီလ(၅)ရက်နေ့ ကြာသာပတေးနေ့ကစပြီး မိုးရေချိန်ဟာ (၁၂)လက်မထိမြင့်တက်ခဲ့ကြောင်း၊ အခုမိုးရွာသွန်းမှုဟာ မိုးခေါင်ရေရှားမှု အဆိုးဝါးဆုံးဒေသအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ ကယ်လီဖိုးနီးယားအတွက် ကောင်းကျိုးများဖြစ်ပေါ်စေခဲ့ကြောင်း၊ ဒါပေမဲ့ တောင်တန်းဒေသများမှာတော့ နှင်းများပြင်းထန်စွာကျဆင်းမှာမဟုတ်ကြောင်း မိုးလေ၀သခန့်မှန်းသူများက ပြောကြားခဲ့ပါသည်။ မိုးရွာသွန်းမှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုဝန်ကျင်ရှိ လေကြောင်းလိုင်း(၂၀၀)ခန့်ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment