Monday, February 23, 2015

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နော်ဝေပါလီမန် စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ




ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နော်ဝေပါလီမန် စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ (Mr.Geir Pollestad) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒီကနေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦးနှင့် ဦးဌေးမြင့်၊ ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူ၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဦးဝင်းဦး၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်ခင်စောဝေ၊ ဒေါ်မိမြင့်သန်း၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်ကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Ann Ollestad လည်း တက်ရောက်ခဲ့ပါသည်။

No comments:

Post a Comment