လောက်ကိုင်-ကုန်ကြမ်း
ကားလမ်းပေါ်ရှိ (၁၈)မိုင်လမ်းဆုံ အနီးတ၀ိုက်တွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ယာယီခြေကုပ်ယူထားသည့်
စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကိုဖေဖော်ဝါရီလ (၂၂)ရက်တွင် တပ်မတော်စစ်ကြောင်းများကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ဖေဖော်ဝါရီလ(၂၃)ရက်တွင်
တပ်မတော်စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူအဖွဲ့များဆုတ်ခွာသည့် အဆိုပါတောင်ကုန်းများ
ပတ်ဝန်းကျင်အား အသေးစိတ်နယ်မြေရှင်းလင်းခဲ့ရာ အမ်(၂၁) ၁လက်၊ အမ်(၂၂) ၇ လက်၊ ၀မ်ချက်စတား
(၁)လက်၊ အမ်(၂၂) ကျည်အိမ် (၁၄)ခု ၊ အမ်(၂၂) ကျည်(၅၀၈)တောင့်၊ ပလပ်စတစ်နင်းမိုင်း(၂)လုံး၊
ရှေ့ထွက်မိုင်း(၁)လုံး၊ လက်ပစ်ဗုံး(၂၅)လုံး၊ လက်မောင်းတံဆိပ်မပါရှိသည့် ယူနီဖောင်း
(၃)စုံ၊ ဗွီဝို အမျိုးအစား ဖိုးဝှီးယာဉ် (၁)စီး၊ တိုက်ဂါ အမျိုးအစား ဖိုးဝှီးယာဉ်
(၁)စီးနှင့် ဆိုင်ကယ်(၇)စီး တို့အား ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင်
ဖေဖော်ဝါရီလ(၂၃)ရက် မွန်းလွဲပိုင်းတွင် တပ်မတော်စစ်ကြောင်း များက လောက်ကိုင်မြို့ အရှေ့တောင်ဘက်
နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ်(၁၂၇) အနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်
ကိုးကန့်သောင်းကျန်းသူအဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူ
အဖွဲ့ထံမှ ယူနီဖောင်းဝတ် အလောင်း(၆)လောင်းနှင့်
အမ်(၂၂) ၄လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
တပ်မတော်မှ စစ်စည်(၃)ဦး အသက်ပေးလှူခဲ့၍ အရာရှိ၊ စစ်သည်(၇)ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရအရာရှိ၊
စစ်သည်များအား တပ်မတော် ဆေးရုံမျာသို့ ဆက်လက်ပို့ဆောင်လျက်ရှိသည်။
ဖေဖော်ဝါရီလ
၂၃ရက်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့၊ စီအောအကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့်
ဌာနဆိုင်ရာ ၀န်ထမ်းများကို လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းအား
ပါဝင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြားရှိ လုံထန်ရွာအနီးတွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့များက
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများမှ
ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ
၁ကြိမ် ဆောင်ရွက်ခဲ့သည်။ တို့နောက် ဆုတ်ခွာသွားသော ကိုးကန့်သောင်းကျန်းသူများနောက်သို့
တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကိုးကန့်သောင်းကျန်းသူ
အဖွဲ့များ၏ နှောင့်ယှက်ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသော အကျဉ်းဦးစီးဌာနမှ
ဝန်ထမ်း ၁ဦး၊ အကျဉ်းသူ ၄၄ဦးနှင့် စစ်သည် ၁ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား
ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment