Monday, February 16, 2015

မြန်မာယူ-၂၀ လက်ရွေးစင်အသင်းနှင့် ဖီဂျီယူ-၂၀ လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားပွဲအား MRTV News နှင့် MRTV Entertainment Channel များတွင်ပြသမည် နယူးဇီလန်နိုင်ငံတွင် ၂၀၁၅ခုနှစ် မေလ (၃၀)ရက်မှ ဇွန်လ (၂၀)ရက်နေ့အထိ ကျင်းပမည့် FIFA U20 World Cup New Zealand 2015 (၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပွဲ)ကို ယှဉ်ပြိုင်ကစားခွင့် ရရှိထားသည့် မြန်မာယူ-၂၀ လက်ရွေးစင်အသင်းနှင့် ဖီဂျီယူ-၂၀ လက်ရွေးစင်အသင်းတို့၏ အထူးနိုင်ငံတကာ ခြေစမ်းပွဲများ၊ အိုလံပစ်ခြေစမ်းပွဲနှင့် ကမ္ဘာ့ခြေစစ်ပွဲဝင်ရန် ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ညနေ (၄)နာရီအချိန်တွင် မန္တလေးမြို့ မန္တလာသီရိကွင်းတွင် မြန်မာယူ-၂၀ လက်ရွေးစင်အသင်းနှင့် ဖီဂျီယူ-၂၀ လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသည်။ အဆိုပါ ယှဉ်ပြိုင်ကစားကြပုံများကို MRTV News Channel နှင့် MRTV Entertainment Channel များတွင် အဆိုပါနေ့ ညနေ (၃)နာရီ (၄၅)မိနစ် အချိန်မှစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။ http://youtu.be/y9MbKDZjhAg




နယူးဇီလန်နိုင်ငံတွင် ၂၀၁၅ခုနှစ် မေလ (၃၀)ရက်မှ ဇွန်လ (၂၀)ရက်နေ့အထိ ကျင်းပမည့် FIFA U20 World Cup New Zealand 2015 (၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပွဲ)ကို ယှဉ်ပြိုင်ကစားခွင့် ရရှိထားသည့် မြန်မာယူ-၂၀ လက်ရွေးစင်အသင်းနှင့် ဖီဂျီယူ-၂၀ လက်ရွေးစင်အသင်းတို့၏ အထူးနိုင်ငံတကာ ခြေစမ်းပွဲများ၊ အိုလံပစ်ခြေစမ်းပွဲနှင့် ကမ္ဘာ့ခြေစစ်ပွဲဝင်ရန် ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ညနေ (၄)နာရီအချိန်တွင် မန္တလေးမြို့ မန္တလာသီရိကွင်းတွင် မြန်မာယူ-၂၀ လက်ရွေးစင်အသင်းနှင့် ဖီဂျီယူ-၂၀ လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသည်။ အဆိုပါ ယှဉ်ပြိုင်ကစားကြပုံများကို MRTV News Channel နှင့် MRTV Entertainment Channel များတွင် အဆိုပါနေ့ ညနေ (၃)နာရီ (၄၅)မိနစ် အချိန်မှစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။

No comments:

Post a Comment