စင်္ကာပူနိုင်ငံဝန်ကြီးချုပ်
လီရှန်လွန်းသည် ဆီးကြိတ်ကင်ဆာ ဝေဒနာခံစားနေရကာ ဒီကနေ့မှာတော့ ဆီးကြိတ်(ဂလင်း) ကို ဖယ်ရှားနိုင်ဖို့
ခွဲစိတ်မှုခံယူသွားရမှာ ဖြစ်သည်ဟု မနေ့က ၀န်ကြီးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါသည်။ အသက်(၆၃)နှစ်ရှိပြီဖြစ်တဲ့
လီသည် ဆေးခွင့်နှင့် (တပတ်ခန့်)တာဝန်က အနားယူမှာဖြစ်ကာ ၄င်းအနားယူနေချိန် မှာတော့ ဒုတိယ၀န်ကြီးချုပ်
တီအို-ချီ-ဟန်က အစိုးရအဖွဲ့ကို ယာယီဦးဆောင်သွားရမှာ ဖြစ်သည်ဟု လီရှန်လွန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ
ပြောကြားခဲ့ပါသည်။ ဆရာဝန်များအဖွဲ့ရဲ့ အကြံပေးချက်အရ ၀န်ကြီးချုပ်သည် ခွဲစိတ်မှုခံယူဖို့
သဘောတူခဲ့တာ ဖြစ်ကာ ၀န်ကြီးရုံးရဲ့ ထုတ်ပြန်ချက်အရ လီသည် လုံးဝပြန်လည် ကျန်းမာလာနိုင်သည်ဟု
မျှော်လင့်ရသည်ဟု သိရှိရပါသည်။
No comments:
Post a Comment