Monday, March 2, 2015

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ တပ်မတော်သား အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအားပေး

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများသည် ဖေဖော်ဝါရီ (၉)ရက်နေ့မှစ၍ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ တပ်မတော်သား အရာရှိ၊ စစ်သည် မိသားစုဝင်များ တက်ရောက်ကုသနေသည့် ပြင်ဦးလွင် တပ်နယ်နှင့် လားရှိုးတပ်နယ်ရှိ တပ်မတော် ဆေးရုံများသို့ မတ်လ (၂) ရက် မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့မှာ သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြားကာ ဂုဏ်ပြုငွေများ၊ အစားအသောက် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။


No comments:

Post a Comment