Monday, March 2, 2015

လောက်ကိုင်ဒေသ တိုက်ပွဲများတွင် အသက်စွန့်လှူသွားသူများ၏ အရိုးအိုးများကို သက်ဆိုင်ရာ တပ်ဌာနချုပ်များသို့ သယ်ဆောင်၍ ကောင်းမွန်စွာ သင်္ဂြီုဟ်

ကိုးကန့်သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန် ရည်ရွယ်၍ လောက်ကိုင်ဒေသအား အကြမ်းဖက်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ခဲ့ သော်လည်း တပ်မတော်၏ စွမ်းရည်သုံးရပ်ပြည့်စုံမှုဖြင့် တိုက်ပွဲဆင်နွှဲတိုက်ခိုက်မှုများကြောင့် ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ လောက်ကိုင်ဒေသ သိမ်းပိုက်ရေးရည်ရွယ်ချက် ပျက်ပြားခဲ့သည်။ လောက်ကိုင်ဒေသတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် တပ်မတော်သား အရာရှိ၊ စစ်သည် အချို့ နိုင်ငံတော်အတွက် မွန်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ထိခိုက်ဒဏ်ရာရှိသူများအား တပ်မတော်ဆေးရုံများသို့ ရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် အမြန်ဆုံးရောက်ရှိအောင် စီမံပို့ဆောင်ပေးနိုင်ခဲ့၍လည်း ဒဏ်ရာရလူနာ များမှာ သက်သာကောင်းမွန်လျက်ရှိပြီး တပ်မတော်ဆေးရုံများကလည်း လိုအပ်သည့် ဆေးဝါး ကုသမှု၊ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် တိုက်ပွဲအတွင်း မွန်မြတ်စွာ အသက်စွန့်လှူသွားသူများ၏ အရိုးအိုးများကိုလည်း သက်ဆိုင်ရာ တပ်ဌာနချုပ်များသို့ သယ်ဆောင်၍ ကောင်းမွန်စွာ သင်္ဂြီုဟ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment