Monday, March 9, 2015

ဆီရီယယ်လျူန်းနိုင်ငံ ဖရီးတောင်းရှိ ဆေးရုံတွင် ကုသမှုခံယူနေသည့် အသက်(၈၀)အရွယ် အီဘိုလာရောဂါရှင် ပြန်လည်ကျန်းမာ

ဆီရီယယ်လျူန်းနိုင်ငံ ဖရီးတောင်းရှိ တရုတ်နိုင်ငံမှ လှူဒါန်းဆောက်လုပ်ထားသည့် ဆေးရုံမှာ ကုသမှုခံယူနေသော အသက်(၈၀)အရွယ် အီဘိုလာရောဂါရှင်သည် ပြန်လည်ကျန်းမာလာပြီ ဖြစ်ကြောင်း သိရပါသည်။ ၄င်းပြန်လည် ကျန်းမာလာတဲ့ အထိမ်းအမှတ်အဖြစ် တရုတ်ဆေးကုသရေးအဖွဲ့မှ ပွဲစီစဉ်ပေးခဲ့ပြီး လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ အော့အန်ပြီး သတိလစ်နေတဲ့ ၄င်းသက်ကြီးရွယ်အို အမျိုးသမီးကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့က အရေးပေါ် အခြေအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၄င်းမှာ အီဘိုလာ ရောဂါရှိနေတာကို စမ်းသပ်တွေ့ရှိခဲ့ရတာ ဖြစ်ပါသည်။ ဆေးကုသရေးအဖွဲ့မှ ပြည့်စုံကောင်းမွန်တဲ့ ကုသမှုစနစ်နှင့် (၈)ရက်ကြာ ကုသပေးပြီးနောက် ၄င်းမှာ အီဘိုလာဗိုင်းရပ်စ် ကင်းစင်သွားပြီ ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပါသည်။ ၄င်းအမျိုးသမီးဟာ ဆီရီယယ်လျူန်းရှိ ဆေးကုသရေးအဖွဲ့မှ ကုသပေးခဲ့ရတဲ့ လူနာများထဲမှာ အသက်အရွယ် အကြီးဆုံးနှင့် အမြန်ဆုံးပြန်လည် သက်သာလာတဲ့ လူနာတစ်ဦးဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment