Monday, March 9, 2015

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ယူးဒေလီ၌ အမျိုးသမီးပေါင်း (၁၀ဝ၀) နီးပါးသည် လိင်အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြ

အိန္ဒိယနိုင်ငံ နယူးဒေလီ၌ အမျိုးသမီးပေါင်း (၁၀ဝ၀) နီးပါးသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လိင်အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြကြောင်း သိရပါသည်။ ၄င်းဆန္ဒပြမှုကို အိန္ဒိယအမျိုးသမီး ဖက်ဒရယ်အုပ်စုက ဦးစီးပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးများရဲ့ ပုံရိပ်များ မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် အမျိုးသမီးများ ရပိုင်ခွင့်နှင့် အခွင့်အရေး ကာကွယ်ရန် တောင်းဆိုခဲ့ကြပါသည်။ ဒါ့အပြင် အခုလောလောဆယ် ဖြစ်ပွားနေတဲ့ ပြသနာရပ်များကို ဖြေရှင်းပေးရန်နှင့် အမျိုးသမီးများနှင့် ပတ်သတ်ပြီး ၄င်းတို့ရဲ့ သဘောထားကို ပြောင်းလဲရန် တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနရဲ့ ပြောကြားချက်အရ သိရှိရပါသည်။


No comments:

Post a Comment