Saturday, March 7, 2015

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဥတ္တရသီရိမြို့နယ် တောင်သူပညာပေးစိုက်ကွင်းရှိ သီးနှံစိုက်ခင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ကောင်စီနယ်မြေတွင် တောင်သူ လယ်သမားများ ဝင်ငွေရ တွက်ခြေကိုက် သီးနှံများဖြစ်သည့် ကြံ၊ နေကြာ၊ ကညွတ်၊ ဗူးသီး၊ ခရမ်းချဉ်၊ ခရမ်းသီး၊ ဂေါ်ရခါးသီးများ အပါအဝင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုးစနစ်ဖြင့် တောင်သူ လယ်သမားများ စုပေါင်း၍ တဆက်တစပ်တည်း စိုက်ခင်းများ ထူထောင်ပြီး စိုက်ပျိုးလျက်ရှိရာ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပညာရှင်များ၊ စိုက်ပျိုးရေး ပညာရှင်များ စိုက်ကွင်းများတွင် တောင်သူ ပညာပေး လုပ်ငန်းများကို ကြိုးပမ်းပါဝင် ဆောင်ရွက် ပေးလျက်ရှိသည်။   မတ်လ(၇)ရက်နေ့ နံနက်(၈)နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဥတ္တရသီရိမြို့နယ် တောင်သူပညာပေးစိုက်ကွင်းရှိ စိုက်ပျိုးထားရှိသည့် သီးနှံစိုက်ခင်းများသို့ လှည့်လည်ကြည့်ရှု ခဲ့ပါသည်။


No comments:

Post a Comment