Saturday, March 7, 2015

လက်ပံတန်း မြို့မဈေးရှေ့ ဆူပူဆန္ဒပြခဲ့သည့် အဖွဲ့အား ပြန်လည် လွှဲပြောင်းပေးအပ်

ခွင့်ပြုချက် ရယူခြင်း မရှိဘဲ လက်ပံတန်း မြို့မဈေးရှေ့တွင် ယမန်နေ့က ဆူပူ ဆန္ဒပြခဲ့သည့် လက်ပံတန်းမြို့ ပင်မ သပိတ် မှောက် အဖွဲ့မှ ကျောင်းသားလေး ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ငါးဦးကို မတ်လ(၇)ရက်နေ့တွင် ပြန်လည်လွှဲပြောင်း ပေးအပ် ခဲ့သည်။ အဆိုပါ ငါးဦးအား မတ်လ(၆)ရက်နေ့ ညပိုင်းက သာယာဝတီရဲစခန်းမှ လက်ပံတန်း ရဲစခန်းသို့ လွှဲပြောင်း ပို့ဆောင် ပေးခဲ့ပြီး မတ်လ(၇)ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က လက်ပံတန်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော တာဝန်ရှိ သူများက ပင်မ သပိတ်မှောက်အဖွဲ့မှ ကိုယ်စားလှယ် များထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်း အနီးရှိ ဓာတ်အားပေး စက်ရုံ လမ်းဆုံတွင် သံဃာ သုံးပါး၊ ကျား ၄၅ ဦး၊ မ ၁၅ ဦး ပေါင်း(၆၃)ဦးမှာ ထိုင်သပိတ် ဆက်လက်ပြုလုပ် လျက်ရှိပြီး သံဃာခြောက်ပါး၊ ကျား ၂၂ ဦး၊ မ ၁၉ ဦး ပေါင်း(၄၇)ဦးမှာ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင် နေထိုင်လျက် ရှိကြောင်း သိရသည်။


No comments:

Post a Comment