ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့နယ်မြေများတွင်
နိုင်ငံတော်လုံခြုံအေးချမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး အသက်နှင့်
ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြသည့် စစ်သည်များနှင့် ရဲမေများအား
ဂုဏ်ပြုသောအားဖြင့် ကူညီထောက်ပံ့နိုင်ရေး ရန်ပုံငွေဖျော်ဖြေပွဲအဖြစ်
ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်ကြီးကြပ်မှုဖြင့် မတ်(၆)ရက်နေ့တွင် အနုပညာဦးစီးဌာနက
အငြိမ့်၊ နန်းဝင်းဇာတ်အဖွဲ့က ပြဇာတ်နှင့် စွမ်းဇာနည်ဇာတ်အဖွဲ့က
နှစ်ပါးသွားတို့ဖြင့် လည်းကောင်း၊ မတ်(၇)ရက်နေ့တွင် အလင်္ကာဝတ်ရည် အနုပညာအဖွဲ့က
အဆို၊ အက၊ အတီးများဖြင့်လည်းကောင်း နေ့စဉ် ညနေ(၆)နာရီခွဲအချိန်တွင် အမျိုးသား
ဇာတ်ရုံ(ရန်ကုန်)၌ တင်ဆက် ကပြဖျော်ဖြေကြမည်ဖြစ်သည်။
အဆိုပါ ပဒေသာကပွဲ လက်မှတ်များအား ရန်ကုန်မြို့ ပဒုံမာကျောင်းလမ်းရှိ အမျိုးသား
ဇာတ်ရုံ၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်၊ ကမ္ဘာအေးစေတီဘုရားလမ်းရှိ ချင်းချောင်း
ရိပ်သာနှင့် ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်အနီးရှိ ပန်းချီ၊
ပန်းပုပြခန်းများတွင် မတ်(၁)ရက်နေ့မှ စတင်၍ ရုံးချိန်အတွင်း
ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နှုန်းထားများမှာ ၁၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်၊ ၅၀၀၀
ကျပ်တို့ဖြစ်သည်။
သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် တက်ရောက်အားပေးချီးမြှင့်နိုင်ပါကြောင်း အသိပေးဖိတ်အပ်ပါသည်။
သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် တက်ရောက်အားပေးချီးမြှင့်နိုင်ပါကြောင်း အသိပေးဖိတ်အပ်ပါသည်။
No comments:
Post a Comment