Monday, March 2, 2015

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဗောဓိပင် ရေထိန်းဆည် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်သည် မတ်လ (၁)ရက်နေ့က မိုးနည်းရပ်ဝန်း ဒေသတွင် သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ ဒေသတွင်း စိမ်းလန်းစိုပြေရေးနှင့် ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်အရ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ အနီးရှိ ဗောဓိပင် ရေထိန်းဆည် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ဆည်မြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ရေထိန်းဆည် တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။


No comments:

Post a Comment