Tuesday, March 3, 2015

အမေရိကန် ပင်ဆယ်လ်ဗေးနီးယား မောင့်ဂိုမာရီကောင်တီရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား

အမေရိကန် ပင်ဆယ်လ်ဗေးနီးယား မောင့်ဂိုမာရီကောင်တီမှ သတ္ထုချပ်များ ထုတ်လုပ်သည့် စက်ရုံတစ်ရုံမှာ မတ်လ(၂)ရက်နေ့ကမီးလောင်မှု ဖြစ်ပွားခဲ့ရာ လောင်ကျွမ်းမှု အဆင့်(၄)အဖြစ် သတိပေးချက်ကိုပါ ထုတ်ပြန်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ ဝင်များမှကြိုးစား ငြိမ်းသတ်ခဲ့ကြရပြီး မီးတောက်များဟာ အားပြင်းလှပြီး ကောင်းကင်ယံထိ ထိုးတက်ခဲ့တာ တွေ့ရပါသည်။ ထရီကိုသတ္ထု ထုတ်လုပ်ရေးဟာ သတ္ထုချပ်များ ထုတ်လုပ်ပြီး ညနေ(၅)နာရီ ခွဲလောက်မှာ မီးတောက်များကြောင့် ပေါက်ကွဲမှုဖြစ်ရာက မီးလောင်ကျွမ်းမှု ကြီးမားခဲ့ရတယ်လို့ ဆိုပါသည်။ အနီးအနားကလမ်းများ ပိတ်သွားသည်အထိ အမြောက်အများသော မီးသတ်ကားများ မီးသတ်သမားများနှင့် မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ရပါသည်။ အနီးအနားက စီးပွားရေး လုပ်ငန်းများမှ လူများကိုလည်း ကယ်ဆယ်ပေးခဲ့ရပြီး အဆိုပါစက်ရုံသည် ပင်ဆယ်လ်ဗေးနီးယား (တန်းပိုက်)အနီးမှာ ရှိတာဖြစ်ကြောင်း သိရှိရပါသည်။ 


No comments:

Post a Comment