Tuesday, March 3, 2015

အီရတ်တပ်ဖွဲ့များကို စစ်သင်တန်းများ ပေးသွားနိုင်ရန် စစ်သားပေါင်း (၁၀ဝ)ကို စေလွှတ်သွား မှာဖြစ်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား

အိုင်အက်စ်များကို တိုက်ခိုက်နေကြတဲ့ အီရတ်တပ်ဖွဲ့များကို စစ်သင်တန်းများ ပေးသွားနိုင်ဖို့အတွက် စစ်သားပေါင်း (၁၀ဝ)ကို စေလွှတ်သွား မှာဖြစ်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က မတ်လ(၃)ရက်နေ့မှာ ပြောကြားလိုက်ပြီး အီရတ်တပ်တွေ အနေနှင့်နိုင်ငံရဲ့ အချုပ်အခြာကို ကာကွယ်သွားနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေတာကြောင့်လည်း အကူအညီ ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လေတပ်တာဝန် ရှိသူပေါင်း (၄၀ဝ)နှင့် အထူးတပ်ဖွဲ့ ဝင်ပေါင်း(၂၀ဝ)ကို အိုက်အက်စ်များ တိုက်ခိုက်ရေးမှာ ပူးပေါင်းပါဝင် ကူညီရန်အတွက် မနှစ်ကပေးပို့ခဲ့ပြီး ယခုလက်ရှိ ပေးပို့မဲ့စစ်သား (၁၀ဝ)ကတော့ နယူးဇီလန်က စစ်သား(၁၀ဝ)နှင့် ပူးပေါင်းပြီး ဘက်ဂဒက် အနောက်မြောက်ဘက်က တာဂျီမှာ အခြေစိုက်ကြမှာ ဖြစ်ပါသည်။ ဩစတြေးလျ နိုင်ငံအနေနှင့် နိုင်ငံတွင်းက ဘာသာခြားများနှင့် အရှေ့အလယ် ပိုင်းကနေ နိုင်ငံအတွင်း ပြန်ဝင်လာနေတဲ့ ဘာသာခြားများရဲ့ တိုက်ခိုက်မှုများကို ကြုံတွေ့နေရသလို အမြင့်ဆုံး သတိပေးချက် များကိုလည်း ထုတ်ပြန်ထား ရပါသည်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကတော့ ဆစ်ဒနီမှာ တိုက်ခိုက်မှု တစ်ခုကြောင့် အိုင်အက်စ်တစ်ဦးကို သုတ်သင်ခဲ့ရကြောင်း သိရှိရပါသည်။  


No comments:

Post a Comment