Wednesday, March 11, 2015

ရန်ကုန်မြို့ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းပမ်းဆက်သွယ်သွားလာမှု လွယ်ကူချောမွေ့ရေးနှင့် သောက်သုံးရေဖြန့်ဝေပေးရေးအတွက် ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်သည်  (၁၁-၃-၂၀၁၅) ရက်နေ့ နံနက်ပိုင်းမှ မွန်းလွှဲပိုင်းအထိ ရန်ကုန်မြို့ ရေစီးရေလာကောင်းမွန်ရေး လမ်းပမ်းဆက်သွယ် သွားလာမှု လွယ်ကူချောာမွေ့ရေးနှင့် သောက်သုံးရေ ဖြန့်ဝေပေးရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းတွင် အုတ် ရေနှုတ်မြောင်း ပြုလုပ်နေမှု၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံဝင်း အတွင်းနှင့် မဟာဗန္ဓုလပန်းခြံတို့မှ အုတ်ရေနှုတ်မြောင်းများ ပြုလုပ်နေမှု ၊ လယ်မတော်မြို့နယ်ရှိ ကျုံးကြီးမြောင်းအား စက်ယန္တရားဖြင့် တူးဖော် ဆောင်ရွက်နေမှု၊  ကြည့်မြင့်တိုင်မြို့နယ်တို့အကြား အောက်ကြည့်မြင့်တိုင်လမ်းရှိ ကွင်းကျောင်းမြောင်းအား အုတ်မြေထိန်းနံရံများ ပြုလုပ်နေမှု၊ လှိုင်မြို့နယ်၊ ဓာတုဗေဒလမ်းရှိ ကမာရွတ်ချောင်းအား စက်ယန္တရားဖြင့် တူးဖော်ဆောင်ရွက်နေမှု၊ ပါရီလမ်းလမ်းတွင် ကွင်ကရစ် လူသွားစင်္ကြန်ပြုလုပ်နေမှုနှင့် အင်းစိန်မြို့နယ် ပြည်လမ်းရှိ နံ့သာမြိုင်ပန်းခြံအား အဆင့်မြင့် ဆောင်ရွက်ထားရှိမှုနှင့် ပန်းခြံပတ်လည် ခြံစည်ရိုတွင် ကွန်ကရစ်မြေထိန်း နံရံများ ပြုလုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပါသည်။


No comments:

Post a Comment