ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနသည် အများပြည်သူ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ
ရရှိလာစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အတွေးအခေါ်များ မှန်ကန်လာစေရန်
ရည်ရွယ်၍ ရပ်ကွက်နှင့် ကျေးရွာများတွင် စာကြည့်တိုက်များ
ဖွင့်လှစ်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်အတွင်း ဖွင့်လှစ်ပြီး စာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရှင်သန်ခိုင်မာစေရန်၊ စာကြည့်တိုက်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်
မြင့်မားလာစေရန်နှင့် စာကြည့်တိုက်ပညာရပ်များ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက်
ရည်ရွယ်ပြီး နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနရုံးတွင် အခြေခံ စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း (၁/ ၂၀၁၅) ဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၀)ရက်နေ့ မနက်ကကျင်းပရာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး (ပြန် / ဆက်)
ဦးအောင်ငွေ တက်ရောက် အမှာစကား ပြောကြားပါသည်။
No comments:
Post a Comment