ကမ်းရိုးတန်းဒေသ ဖြစ်သည့် ရခိုင်ပြည်နယ်ကြီးမှာ အဓိကအားဖြင့်
ရေလုပ်ငန်းကို မှီခို စားသောက်သည့် သူများသလို တောင်ယာလုပ်ငန်း လုပ်ကိုင်သူတွေလည်း
ရှိပါသည်။ ရခိုင်ကမ်းရိုးတန်းဒေသမှာ စစ်တွေ ကမ်းရိုးတန်းဒေသ၊ ကျောက်ဖြူ ကမ်းရိုးတန်းဒေသနှင့်
သံတွဲ ကမ်းရိုးတန်းဒေသ ဆိုပြီး ခွဲခြားထားပါသည်။ ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြသည့်
ပြည်သူအများစုသည် ပင်လယ်ရေပြင်ကို အမှီပြုပြီး ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကို
တွင်ကျယ်စွာ လုပ်ကိုင် အသက်မွေးကြပါသည်။ ယခင်က ငါးခြောက်ပြုလုပ်နိုင်ရန် အတွက် ငါးတွေကို
လှေတွေဖြင့် လိုက်ဖမ်းခဲ့ကြကြောင်း ယခုဆိုရင် နည်းပညာတွေ ဖွံ့ဖြိုးတိုးတက် လာတာနှင့်အညီ
ငါးကို လှေတွေဖြင့် မဖမ်းဘဲ စက်လှေကြီး၊ သင်္ဘောကြီးတွေဖြင့် လုပ်ကိုင်လျက်ရှိပါသည်။
ငါးခြောက်လုပ်ငန်းကို လုပ်ကိုင်ရာတွင် ကုန်သည်ဒိုင်များ အနေဖြင့် ရေလုပ်သား ပိုက်သည်တို့က
ငွေအရင်းအနှီး ထုတ်ပေးပြီး ရရှိလာသော ငါးခြောက်များကို ရေလုပ်သားတို့က ငါးခြောက်ပွဲရုံမှာ
လာသွင်းကြောင်း သိရှိရပါသည်။
No comments:
Post a Comment