Monday, March 2, 2015

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှာ လုပ်ဆောင်မှုသတင်း



နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသည် နိုင်ငံတော်ကြီးအတွက် အားထားရသည့် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ သင်တန်းကျောင်း၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓါတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန် ပြညထောင်စု တိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အချာ အာဏာတည်တံ့ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန် အရေးသုံးပါးကို သက်ဝင်ယုံကြည်ပြီး ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးစံများကို သိရှိနားလည် ထိန်းသိမ်းသွားရန် ၊ နယ်စပ်ဒေသဖွံ့ဖြီုးရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး အတွက် ဆောင်ရွက်လိုသည့် စိတ်ဓါတ်ထက်သန်စေရန် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဓါတ်များ မွေးမြူပေးရန်နှင့် ပညာရပ်များ တတ်မြောက်ပြီး ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်စေရန်လည်း သိရှိရပါသည်။ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများနှင့် ပတ်သက်ပြီး ယခုလို သိရှိရပါသည်။

No comments:

Post a Comment