နိုင်ဂျီးရီးယားနိုင်ငံ
ဘော်ဒိုပြည်နယ် မြို့တော် မိုင်ဒူဂူရီမှာ မတ်လ(၁၀)ရက်နေ့က အမျိုးသမီး အသေခံဗုံးခွဲသမား၏
ဖောက်ခွဲမှုကြောင့် လူပေါင်း(၁၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄င်းတိုက်ခိုက်မှုဟာ လူပေါင်း(၅၀)ကျော်
သေဆုံးခဲ့သည့် ဗုံးလေးလုံး ပေါက်ကွဲမှုပြီးနောက် (၃)ရက်အကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါသည်။
မိုင်ဒူဂူရီဟာ ဘိုကိုဟာရမ် လက်နက်ကိုင်များ မွေးဖွားရာ ဇာတိဖြစ်ကြောင်း သိရပါသည်။ ၄င်းတိုက်ခိုက်မှုမှာ
သေဆုံးသူ အရေအတွက် တိုးတက်လာနိုင်ကြောင်း မျက်မြင်သက်သေက ပြောကြားခဲ့ပါသည်။ ဘာဘာလာရီမှာလည်း
အခြားဗုံးတစ်လုံးကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး ရှင်းလင်းနိုင်ခဲ့ပါသည်။ လက်နက်ကိုင်များသည်
အာဖရိက၏ လူဦးရေထူထပ်ပြီး ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားကို
လုံခြုံရေး ခြိမ်းခြောက်မှုများ အဓိက ပြုလုပ်လျက်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။
No comments:
Post a Comment