Wednesday, March 11, 2015

ဗင်နီဇွဲလားသမ္မတသည် အမေရိကန်၏ အရေးယူပိတ်ဆို့မှု အသစ်များကို ဆန့်ကျင်ရန် အထူးတရားဝင် အာဏာကို ပါလီမန်ထံ တောင်းဆို

OPEC အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်အား လုံခြုံရေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်ဆိုသည့် ကြေငြာချက်နှင့်အတူ အရေးယူ ပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့သည့် အမေရိကန်ကို ဆန့်ကျင်တုန့်ပြန်ရန်အတွက် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မဒူရိုက အထူးတရားဝင် အာဏာကို ပါလီမန်ထံမှ တောင်းဆိုခဲ့ကြောင်း သိရပါသည်။ မဒူရိုကို ထောက်ခံသည့် သူများကလည်း ပါလီမန်၏ အပြင်ဘက်မှာ စုဝေးပြီး တောင်းဆိုချက်ကို ထောက်ခံခဲ့ကြပါသည်။ ဗင်နီဇွဲလားနှင့် အမေရိကန်ကြား ဆက်ဆံရေး ပိုမိုဆိုးဝါး လာမှာကိုလည်း စိုးရိမ်နေကြပြီး အမေရိကန်၏ ကျုးကျော်လာနိုင်မှုကို ကာကွယ်ရန် အထူးအာဏာ ရရှိရန်လိုကြောင်း မဒူရို ထောက်ခံသူများက ပြောကြားခဲ့ပေမဲ့ အတိုက်အခံအချို့နှင့် ဝေဖန်သူများကတော့ မဒူရိုကို တောင်းဆိုမှု မပြုရန် တားဆီးခဲ့ကြပါသည်။ ဗင်နီဇွဲလားမှ ပုံမှန်မဟုတ်သည့် ခြိမ်းခြောက်မှုများကို ပြုလုပ်နေတာကြောင့် နိုင်ငံတွင်းမှာ အရေးပေါ် အခြေအနေအဖြစ် ကြေငြာခဲ့ပြီး အီရန်နှင့် ဆီးရီးယားကဲ့သို့ပင် ဗင်နီဇွဲလားကိုလည်း ပိတ်ဆို့မှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့ပေမဲ့ မဒူရိုကတော့ ငြင်းဆိုခဲ့ပါသည်။ ဗင်နီဇွဲလား၏ အမျိုးသားညီလာခံဟာ မတ်လ(၁၀)ရက်နေ့က စတင်ခဲ့ပြီး လာမည့်ရက်များထိ ဆွေးနွေးသွားမှာဖြစ်ကာ ယခင်ကတော့ ချားဗက်ဇ်နှင့် မဒူရို သမ္မတနှစ်ဦးစလုံးဟာ အထူးအာဏာများ ရရှိရန် သဘောတူ ခွင့်ပြုချက် ရထားသူများ ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။

No comments:

Post a Comment