Saturday, March 28, 2015

တရုတ်နိုင်ငံ ဟိုင်နမ်ပြည်နယ်တွင် ဘိုအောဖိုရမ်(၂၀၁၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

တရုတ်နိုင်ငံ ဟိုင်နမ် ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဘိုအောမြို့မှာ ဘိုအောဖိုရမ်-ဖော်-အေးရှ ဘီအက်ဖ်အေ (၂၀၁၅)ဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၈)ရက်နေ့က ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက် လာကြသူများသည် စင်္ကာပူဝန်ကြီးချူပ် လီကွမ်ယူးနှင့် ဂျာမန်ဝင်းစ်လေယာဉ် ပျက်ကျမှုမှာ သေဆုံးခဲ့ရသည့် ခရီးသည်များအတွက် ခေတ္တငြိမ်သက် ဂါရဝပြုခဲ့ ကြပါသည်။ ဖွင့်ပွဲအခမ်းအနားမှာ ဘီအက်ဖ်အေ၏ ဥက္ကဌဖြစ်သည့် ဂျပန်ဝန်ကြီးချူပ်ဟောင်း ယာဆူအို-ဖူကူဒက မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်ကလည်း နှုတ်ခွန်းဆက် မိန့်ခွန်းစကား ပေးပို့ခဲ့ပါသည်။ ယခုနှစ် ဆွေးနွေးပွဲ၏ ခေါင်းစဉ်မှာ (Asia”s New Future – Toward a Community of Common Destiny)ဖြစ်ပြီး (၄)ရက်ကြာ ကျင်းပမှာ ဖြစ်ပါသည်။ ယခုနှစ်မှာ စီးပွားရေးဆိုင်ရာ ခြုံငုံသုံးသပ်ခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ အသွင်ကူးပြောင်းခြင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာဆိုင်ရာ တီထွင်မှု၊ နိုင်ငံရေးနှင့် ဒေသတွင်း လုံခြုံရေး စသည့် ဆွေးနွေးမှုပေါင်း (၇၀)ကျော်ကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment