Saturday, March 28, 2015

အစ္စရေးသမ္မတနှင့် အင်ဒိုနီးရှားသမ္မတဟောင်းများသည် လီကွမ်ယု၏ ရုပ်အလောင်းအား သွားရောက် ဂါဝရပြု

အစ္စရေးသမ္မတ ရီအူဘန်-ရစ်ဗလင်နှင့် အင်ဒိုနီးရှား သမ္မတဟောင်းများ ဖြစ်ကြသည့် ဆူဆီလို-ဘန်ဘန်း-ယူဒိုယိုနိုနှင့် မက်ဂါဝါတီ-ဆူကာနို-ပူထရီတို့သည် ပါလီမန်အိမ်တော်မှာ ထားရှိသည့် စင်္ကာပူ ဝန်ကြီးချူပ်ဟောင်း လီကွမ်ယု၏ ရုပ်အလောင်းကို သွားရောက်ဂါဝရ ပြုခဲ့ကြတယ်လို့ သိရပါသည်။ ၄င်း၏အလောင်းကို ပါလီမန်အိမ်တော်သို့ သယ်ဆောင်ရာ လမ်းတစ်လျှောက်မှာလည်း လူရာပေါင်းများစွာသည် တန်းစီပြီး ဂါရဝပြုခဲ့ကြပါသည်။ စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည့် လီကွမ်ယူးသည် စင်္ကာပူ ကျွန်းနိုင်ငံလေးကို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများထဲက တစ်နိုင်ငံအဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါသည်။ အသုဘ အခမ်းအနားကို မတ်လ(၂၉)ရက်နေ့ နေ့လည် (၁၂း၃၀)မှာ စတင်မှာဖြစ်ပြီး စင်္ကာပူအမျိုးသား တက္ကသိုလ်မှာ အခမ်းအနား ကျင်းပမှာ ဖြစ်ပါသည်။ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား စသည့် အာရှပစိဖိတ် နိုင်ငံများမှ ခေါင်းဆောင်များဟာလည်း ၄င်းအခမ်းအနားကို တက်ရောက်မှာ ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment