Thursday, March 12, 2015

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဒက္ခိဏသီရိမြို့နယ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး



လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး၌ သိပ္ပံနည်းကျ တစ်ဆစ်ချင်းစီ ပျိုးထောင်စိုက်ပျိုး ထားသော တဆက်တစပ်တည်း ကြံသီးနှံ(၃)ဧက စိုက်ကွင်းသို့ ရောက်ရှိပြီး တောင်သူလယ်သမား များအား မျိုးသန့်မျိုးပွား ဖြန့်ဖြူးပေးရန်နှင့် နည်းပညာပေးရန် စံပြစိုက်ကွင်း ထူထောင် ပြသထားရှိမှုကို စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ရွှေနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြပါသည်။

No comments:

Post a Comment