သမဝါယမဝန်ကြီးဌာနက
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်းများနှင့် လယ်ယာသုံး
လုပ်ငန်းသုံး ရေလုပ်ငန်းသုံး စက်ကိရိယာများ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးသည့်
လုပ်ငန်းများသည် အခုအခါ အသင်းသား ပြည်သူတို့၏ ယုံကြည်ပူးပေါင်း ဆောင်ရွက်မှုကြောင့်
အထိုက်အလျောက် အောင်မြင်နေပြီဖြစ်ရာ လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်
ရည်ရွယ်၍ မတ်လ(၁၁)ရက်နေ့ မနက်ပိုင်းတွင် သမဝါယမဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၅-၂၀၁၆
ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။
No comments:
Post a Comment