Monday, March 9, 2015

ဆွစ်ဇာလန်နိုင်ငံမှ ဆိုလာအင်ပါ့စ်-၂ သည် ကမ္ဘာတစ်ဝန်းပျံသန်းသော ပထမဆုံး ဆိုလာစွမ်းအင်သုံး လေယာဉ်ပျံသန်းမှုအဖြစ် မှတ်တမ်းတင်နိုင်ရန် ကြိုးပမ်းလျှက်ရှိ

ဆွစ်စလန်နိုင်ငံက တည်ဆောက်ထားတဲ့ ဆိုလာအင်ပါ့စ်-၂ လေယာဉ်သည် ကမ္ဘာတစ်ဝန်း ပျံသန်းသော ပထမဆုံး ဆိုလာစွမ်းအင်သုံး လေယာဉ်ပျံသန်းမှုအဖြစ် သမိုင်းမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် မတ်လ (၉) ရက်နေ့မှ စတင်ပျံသန်းရန် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ပျံသန်းမည့် ကြာချိန်ကတော့ (၅)လကြာမြင့်မှာဖြစ်ပြီး လေယာဉ်ခရီးစဉ်ကတော့ မိုင်ပေါင်း (၂၂၀၀၀) လောက်ရှိမယ်လို့ ခန့်မှန်းရကာ အခုခရီးစဉ်ကို လေကြောင်းကဏ္ဍမှာ သန့်ရှင်းသည့် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါသည်။ မတ်လ (၉) ရက်နေ့ အာရုံတက်ချိန်ကစပြီး အဘူဒါဘီကနေ စတင်ထွက်ခွာမှာဖြစ်ကာ အဲ့ဒီ့နောက်မှာတော့ ပစိဖိတ်သမုဒ္ဒရာကို မဖြတ်သန်းခင် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ တစ်ထောက်စီ ရပ်နားသွားမှာ ဖြစ်ပါသည်။ အဲ့ဒီ့နောက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ တောင်ပိုင်းတို့ကို ပျံသန်းပြီးနောက် ဇူလိုင်လနောက်ပိုင်းမှာ အဘူဒါဘီကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါသည်။ ၄င်းလေယာဉ်ကို ဒီဇိုင်းရေးဆွဲပြီး တည်ဆောက်ရတာဟာ (၁၂)နှစ်ကြာမြင့်ခဲ့ပြီး လေယာဉ်တောင်ပံကတော့ (၇၂)မီတာရှိကာ ဘိုးရင်း(၇၄၇)ထက် ကြီးမားပါသည်။ လေယာဉ်ရဲ့ အလေးချိန်ကတော့ ကီလိုမီတာ(၂၃၀ဝ၀)ရှိကာ မိသားစုသုံး ကားတစ်စီးရဲ့ အလေးချိန်ပမာဏနှင့် တူညီပါသည်။ ၄င်းရဲ့အမြန်နှုန်းကတော့ တစ်နာရီကို ကီလိုမီတာ (၅၀)မှ(၁၀ဝ)ကြား ရှိပါသည်။ ၄င်းရဲ့တောင်ပံများမှာ ထည့်သွင်းထားတဲ့ ဆိုလာဆဲလ် (၁၇၀ဝ၀)ဟာ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုပြီး အားဖြည့်မှာ ဖြစ်ပါသည်။ ပထမဆုံး ဆိုလာစွမ်းအင်သုံး ယခုလေယာဉ်ရဲ့ ကောင်းတဲ့ အကျိုးရလာဒ်ကတော့ ညအခါမှာ ပျံသန်းနိုင်တာလည်း ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment