Monday, March 9, 2015

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းရှိ တောင်များမှ တောမီးများ လောင်ကျွမ်းမှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ‗‗‗‗‗‗‗‗‗‗‗

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းရှိ တောင်များမှာ တောမီးများ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ တောင်ခြေအထိသို့ ရောက်ရှိလာတဲ့အတွက် ဒေသခံများဟာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ပြီး ယခုအခါမှာတော့ ပြန်လည်ရောက်ရှိလာကာ ပျက်စီးသွားတဲ့ အိမ်များကို ပြန်လည်တည်ဆောက်ပြီး နေထိုင်ရန် သဘောတူညီခဲ့ကြောင်း သိရပါသည်။ မီးဟာ ကိတ်ပ်တောင်းမြို့ရဲ့ တိုကိုင် သစ်တောတစ်ဝိုက်ထိ လောင်ကျွမ်းခဲ့ပြီး တေဘယ်လ် တောင်ပေါ်ရှိ နေရာတော်တော်များများ ထိခိုက်ခဲ့ရပါသည်။ ဒေသခံများဟာ မိမိတို့အိမ်များကို ပြန်လည်ဆောက်လုပ် လျှက်ရှိပြီး ကယ်ဆယ်ရေးသမားများက တိရစ္ဆာန်များကို ကူညီကယ်ဆယ်ပေးနေသလို ပျက်စီးသွားတဲ့ အပင်များကိုလည်း ရှင်းလင်းနေကြပါသည်။ မီးလောင်ကျွမ်းမှု့ကြောင့် တိရစ္ဆာန်များအတွက် ရေမလုံလောက်မှု ပြသနာနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်းနှင့် မီးဟာ မတ်လ(၁)ရက်နေ့ ကတည်းက စတင်လောင်ကျွမ်းခဲ့ပြီး စိုက်ပျိုးမြေပေါင်း ဟက်တာ(၅)ထောင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရပေမဲ့ သေဆုံးဒဏ်ရာရရှိသူ မရှိကြောင်း သိရပါသည်။  ဒေသခံများကို ကူညီဆောင်ရွက်ရန် ရာပေါင်းများစွာသော မီးသတ်သမားများအား တာဝန်ပေးအပ်ခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment