ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ရရှိခဲ့သည့်
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပဋိပက္ခများ ဖြစ်ပွားရာ ယူကရိန်းအရှေ့ပိုင်းရှိ ဆက်သွယ်ရေး
လမ်းကြောင်းမှ ဒုံးကျည်တိုက်ခိုက်ရေး စနစ်များကို ယူကရိန်းတပ်ဖွဲ့က ပြန်လည် ရုတ်သိမ်းခဲ့ကြောင်းနှင့်
ဘက်စုံသုံးဒုံးကျည်များ တင်ဆောင်လာသည့် ၄င်းယာဉ်တန်းကို အိုအက်စ်စီအီးမှ ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း
သိရပါသည်။ ဘယ်လာရုဇ်မှာ ရရှိခဲ့သည့် သဘောတူညီမှုအရ လုံခြုံရေးဇုံ တည်ထောင်နိုင်ဖို့
နှစ်ဖက်လုံးမှ လက်နက်ကြီးများကို အကွာအဝေး တူညီစွာ ဆုတ်ခွာရမှာ ဖြစ်ပါသည်။ ယူကရိန်းတပ်ဖွဲ့ကတော့
၎င်းတို့အနေနှင့် ဆုတ်ခွာဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပြီး အိုအက်စ်စီအီးကတော့
လက်နက်အားလုံး ဆုတ်ခွာမှုရှိ-မရှိ ဆိုတာကိုတော့ အပြည့်အဝ အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ခတ်မှုအနည်းငယ်
ရှိနေသေးပေမဲ့ တိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းလာကြောင်း အိုအက်စ်စီအီး ဥက္ကဌက ပြောကြားခဲ့ပါသည်။
သမ္မတပိုရိုရှန်ကိုက ၄င်းသဘောတူညီမှုသည် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်း
ပြောကြားခဲ့ပြီး ယူကရိန်း ပဋိပက္ခအတွင်း လူပေါင်း(၆၀ဝ၀)ခန့် သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။
၎င်းပဋိပက္ခကြောင့် ရုရှားနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေးများလည်း ပျက်ပြားခဲ့ရကြောင်း
သိရှိရပါသည်။
No comments:
Post a Comment