အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ပိုင်း
ကီလိုမီတာ(၁၀ဝ)အကွာရှိ မဟာလာ အယ်လ်-ကော့ဘရိုမြို့၏ ဘဏ်တစ်ခုအနီးမှာ မတ်လ(၆)ရက်နေ့ညပိုင်းက
ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြား(၂၀)ဦး ထိခိုက်ဒဏ်ရာ
ရရှိခဲ့ကြောင်း သိရှိရပါသည်။ ၄င်းတိုက်ခိုက်မှုသည် သမ္မတ အယ်လ်စီစီက ထိပ်တန်းလုံခြုံရေး
အရာရှိများကို ခန့်အပ်ရသည့် ပြည်ထဲရေးဝန်ကြီးသစ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဖြစ်ပွားခဲ့တာ
ဖြစ်ပါသည်။ အီဂျစ်နိုင်ငံမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် အသေးစား တိုက်ခိုက်မှုများသည်
အီဂျစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းမှုကို ထိခိုက်စေခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment