စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မတ်လ (၇)ရက်နေ့
မနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာန၊ အစည်းအဝေး ခန်းမမှာ ကျင်းပသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်
တွေ့ဆုံပြီး၊ ပြည်ထောင်စုဝန်ကြီးက မြို့နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူ့ဝန်ထမ်း
များမှာလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို ဝန်ထမ်းများ သိရှိနားလည် စေလိုကြောင်း၊
ပြည်သူ့ဝန်ထမ်းကောင်းပီပီ ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများ
အနေဖြင့်လည်း ကိုယ်ကျိုးမဖက် အများအကျိုးအတွက် သယ်ပိုးဆောင်ရွက် စေလိုကြောင်း စသည်ဖြင့်
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment