ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် မတ်လ (၆)ရက် မနက်တွင် စစ်တွေမြို့ အလိုတော်ပြည့်
ကျောင်းတိုက်သို့ သွားရောက်ပြီး စစ်တွေအထွေထွေ ရောဂါကု ဆေးရုံကြီးတွင် လည်ပင်းကြီး၊
အာခေါင်ကွဲနှင့် အခြားရောဂါ ဝေဒနာရှင်များအား (စတုတ္ထအကြိမ်မြောက်) အခမဲ့ခွဲစိပ် ကုသပြီး
ပြန်လည် ထွက်ခွာကြမည့် ဂျာမနီနိုင်ငံမှ အထူးကုခွဲစိပ် ဆရာဝန်ကြီးများအား ရင်းရင်းနှီးနှီး
တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ပြည်နယ် ဝန်ကြီးချုပ်သည် မနက် (၁၁)နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်
ဧည့်ခန်းမ၌ (Australian) သံရုံးမှ Ms. Peta Sainbery (Vice- Consul) နှင့် အဖွဲ့အား
လက်ခံတွေ့ဆုံပြီး ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း၏ လုံခြုံရေး၊ ကျန်းမာရေး Rakhine
Action Plan အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment