အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်
ကွန်ဂရက်မှ ကိုယ်စားလှယ်များနှင့် ကိုင်ရိုမြို့တွင် မတ်လ(၇)ရက်နေ့ တွေ့ဆုံခဲ့ကြောင်း
သိရပါသည်။ ရော့ဒ်နေး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်သမ္မတနှင့် တွေ့ဆုံခဲ့ပြီး
အီဂျစ်နိုင်ငံရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဆန့်ကျင်ရေး၊ စစ်ဖက်ရေးရာ ကိစ္စရပ်များ အပါအဝင်
အခြားကိစ္စရပ်များ ကူညီသွားရေးတို့နှင့် ပတ်သတ်ပြီး ကတိပြုခဲ့ကြပါသည်။ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးနှင့်
အမေရိကန် ကိုယ်စားလှယ်များ တွေ့ဆုံသည့် အစည်းအဝေးသို့ အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်လည်း တက်ရောက် ခဲ့ပါသည်။ အီဂျစ်နိုင်ငံနဲ့ အမေရိကန် နိုင်ငံတို့ဟာ သံတမန်နည်းကျ
ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောက်ရွက် ခဲ့ကြသည့် နိုင်ငံများဖြစ်ကြောင်း ရိုက်တာသတင်း
တစ်ရပ်အရ သိရှိရပါသည်။
No comments:
Post a Comment