Sunday, March 8, 2015

MH370 လေယာဉ်ပျောက်ဆုံးသွားခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်

မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် MH370 ပျောက်ဆုံးသွားခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ၄င်းနဲ့ပတ်သက်သည့် ကြားဖြတ် အစီရင်ခံစာ တစ်ခုကို မလေးရှားမှ ထုတ်ပြန်ခဲ့သလို အိုင်စီအေအို-အန်းနက်ခ်(၁၃) စုံစမ်းလေ့လာရေး အဖွဲ့မှလည်း ၄င်းအစီရင်ခံစာ အပြည့်အစုံကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတဆင့် ကြေညာခဲ့ပါသည်။ ၄င်းအစီရင်ခံစာမှာ စာမျက်နှာ (၅၀ဝ)ကျော် ပါဝင်ပြီး မလေးရှားပို့ဆောင်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာလည်း တင်ထားပါသည်။ အမ်အိတ်ခ်ျ-၃၇၀ဟာ ပြီးခဲ့သည့်နှစ် မတ်လ(၈)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လေယာဉ်ပျောက်ကို ဆက်လက်ရှာဖွေရေး အတွက် ဩစတြေးလျ၊ တရုတ်နှင့် မလေးရှားတို့ကြား ဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ဩစတြေးလျ ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ လေယာဉ်ပေါ်ပါ ခရီးသည်အားလုံး သေဆုံးခဲ့ရသည့် ၄င်းလေယာဉ် ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ခရီးသည်များရဲ့ မိသားစုဝင်များကိုလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း မလေးရှားနှင့် တရုတ်မှ တာဝန်ရှိသူများက ပြောကြားခဲ့တယ်လို့ ရိုက်တာ သတင်းတစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment