Tuesday, March 3, 2015

ကျန်းမာရေးဝန်ကြီးဌာနမှ မွေးရာပါချို့ယွင်းမှုများပပျောက်ရေး နှိုးဆော်ချက်

ကမ္ဘာပေါ်တွင် မွေးရာပါချို့ယွင်းမှုများဖြစ်ပွားမှုသည် တစ်နှစ်အောက် ကလေး(၃၃)ယောက်လျှင် (၁)ယောက်ခန့်ရှိပြီး နှစ်စဉ်ကလေး (၃.၂)သန်းခန့်တွင် မွေးရာပါကိုယ်အင်္ဂါချို့ယွင်းမှု ရှိပါသည်။မွေးပြီးတစ်လအတွင်း မွေးရာပါ ချို့ယွင်းမှုကြောင့် (၂၇၀၀၀၀) နှစ်စဉ် သေဆုံးလျှက် ရှိပါသည်။မွေးရာပါချို့ယွင်းမှုကြောင့် ငယ်ရွယ်စဉ်မှာသေဆုံးနိုင်ပါသည်။ အကယ်၍ အသက်ရှင်ပါကလည်း ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဆက်လက်ရှိသွားနိုင်ပါသည်။ မိသားစု၊ လူထု၊ နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါသည်။

No comments:

Post a Comment