Tuesday, March 3, 2015

နိုင်ငံဝန်ထမ်းများအား နိုင်ငံခြားပညာတော်သင်စေလွှတ်

နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိပြီ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိသည့်အခါ ဌာနအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်လျက် ပြည်ပ အဖွဲ့အစည်းများ၏ ပညာသင်ဆု ကမ်းလှမ်းမှု အစီအစဉ်အရ ပညာသင်ဆုများကို ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်း အသီးသီးသို့ စနစ်တကျခွဲဝေ သတ်မှတ်ပေးပြီး အဆိုပြုချက်များကို စိစစ်၍ နိုင်ငံခြား ပညာတော်သင်များ စေလွှတ် ပေးလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပါရဂူဘွဲ့၊ မဟာသိပ္ပံ/ ဝိဇ္ဇာဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာ သင်တန်းသို့ ပညာသင်(၁၁)ဦးနှင့် ဘွဲ့မယူသောသင်တန်း (Training) သို့ ပညာသင်(၁၇၃)ဦး၊ စုစုပေါင်းပညာသင် (၁၈၄)ဦးကို ပြည်ပနိုင်ငံ (၁၄)နိုင်ငံသို့ သွားရောက် ပညာသင်ယူ ဆည်းပူးနိုင်ရေး စီမံဆောင်ရွက် ပေးခဲ့ပါသည်။ ဖေဖော်ဝါရီလအတွင်း နိုင်ငံ့ဝန်ထမ်းများအား အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ပညာသင် အများဆုံး စေလွှတ်ခဲ့ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ နိုင်ငံခြား ပညာတော်သင် စိစစ်ရွေးချယ်ရေး စေလွှတ်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားပါသည်။

No comments:

Post a Comment