ဆွစ်ဇာလန်နိုင်ငံထုတ်
နေရောင်ခြည်စွမ်းအင်သုံး Solar Impulse-2 လေယာဉ်သည်
ပထမဦးဆုံးအကြိမ်ကမ္ဘာတစ်ပတ်ခရီးစဉ်အဖြစ် အာရပ်စော်ဘွား များနိုင်ငံ (UAE)
အဘူဒါဘီလေဆိပ်မှ မတ်လ(၉)ရက်နေ့ နံနက်ပိုင်းတွင် စတင်ထွက်ခွာလာကြောင်း သိရသည်။ ယင်းမှတစ်ဆင့်
အိုမန်နိုင်ငံ မတ်(စ်)ကပ်မြို့တွင် တစ်ရက်၊ အိန္ဒိယနိုင်ငံ အမန်ဒါဘတ်မြို့တွင်
လေးရက်၊ ဗာရာဏသီမြို့တွင် တစ်ရက်ရပ်နားပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်
၁၆ ရက် ညနေပိုင်းတွင် ရောက်ရှိပြီး သုံးည ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
ရပ်နားစဉ်အတွင်း သက်ဆိုင်ရာ ဌာနများ၊ တက္ကသိုလ်နှင့် အထက်တန်းကျောင်းများမှ
ကျောင်းသားကျောင်းသူ များအား လေယာဉ်မှူးများက တွေ့ဆုံ၍ Solar စွမ်းအင်နှင့်သက်ဆိုင်သည့်
နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် Solar Impulse-2 လေယာဉ်ကို ပြည်သူ
များအနီးကပ်လေ့လာစေရန် အစီအစဉ်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်းSolar Impulse team မှ
သတင်းရရှိသည်။
No comments:
Post a Comment