Monday, March 9, 2015

အိုင်အက်စ်များ လူသစ်စုဆောင်းခြင်းနှင့် ပတ်သက်ပြီး ပြင်းထန်စွာ အရေးယူ တားဆီးသွားမှာ ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ကတိပြု

အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများသို့ ခရီးသွားရန် ကြိုးပမ်းနေသည်လို့ သံသယရှိသူ အသက်(၁၇)နှစ်နှင့် (၁၆)နှစ်အရွယ် ဩစတြေးလျ ညီအစ်ကိုနှစ်ဦးကို ဆစ်ဒနီလေဆိပ်မှာ တားဆီးပြီးနောက် အိုင်အက်စ်များ လူသစ်စုဆောင်းခြင်းနှင့် ပတ်သတ်ပြီး ပြင်းထန်စွာ အရေးယူ တားဆီးသွားမှာ ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က မနေ့က ကတိပြုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေး အရာရှိများက ပြောကြားခဲ့ပါသည်။ ၄င်းဆယ်ကျော်သက် နှစ်ဦးဟာ မိဘခွင့်ပြုချက် မပါဘဲ ခရီးသွားနေတာ ဖြစ်ကြောင်းနှင့် အရှေ့အလယ်ပိုင်းမှ အပြန်လက်မှတ် မပါရှိကြောင်း အရာရှိများက ပြောကြားခဲ့ပါသည်။ ၄င်းတို့နှစ်ဦးကို မေးခွန်းများ မေးမြန်းခဲ့ပြီးနောက်ပိုင်း ၄င်းတို့ရဲ့ မိဘများနှင့်အတူ လေဆိပ်မှ ထွက်ခွာခွင့်ပြုခဲ့တာ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါသည်။ ပြီးခဲ့တဲ့ အောက်တိုဘာလက တိုနီအက်ဘော့ ကြိုးပမ်းခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အာဏာသစ်အရ ဩစတြေးလျ နိုင်ငံသားများဟာ ကန့်သတ်ထားတဲ့ ပြည်ပခရီး သွားလာမှုအတွက် ဆယ်စုနှစ် တစ်ခုအကြာ ထောင်ဒဏ်ချမှတ် ခံရနိုင်ကြောင်း ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါသည်။


No comments:

Post a Comment