ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်းသည် မတ်လ (၈) ရက်နေ့ နံနက် (၉) နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင်
ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာ
စကားပြောကြားပါသည်။ အဲ့ဒီနောက်မှာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ် ဝန်ကြီးချုပ်၏
ဇနီး ဒေါ်ခင်ဆွေဝင်းမှ အမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာ လုပ်ငန်း ကော်မတီ
ဥက္ကဌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်မှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ
ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပါသည်။ ယင်းနောက် အမျိုးသမီးပညာပေး A New Day of
Hope Video Clip အားပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည်
စစ်တွေတက္ကသိုလ် နယ်မြေဟောင်း သဇင်ခန်းမတွင် ကျင်းပပြုလုပ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံလျှပ်စစ်သွယ်တန်းခြင်းနှင့်
လျှပ်စစ် ဂဟေသင်တန်း အမှတ်စဉ် (၂/၂၀၁၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာ
စကားပြောကြားခဲ့ပါသည်။
No comments:
Post a Comment