Thursday, March 12, 2015

မိုးမိတ်ခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် မတ် (၈) ရက်နေ့ နံနက်က မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာ အဆင့်မြင့်လယ်ဧက (၁၀၀) ဖော်ထုတ်မှု လုပ်ငန်းခွင်အားလည်းကောင်း၊ ခရိုင်မြို့ကွက်သစ်ဖော်ထုတ်မည့် မြေနေရာအားလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာန စခန်းရုံးတည်ဆောက်မှု အခြေအနေများအား လည်းကောင်း ကြည့်ရှု စစ်ဆေးပါသည်။ ဆက်လက်၍ မိုးမိတ်မြို့ ကျက်သရေဆောင်ခန်းမတွင် မိုးမိတ်ခရိုင်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ၊ ပညာရေး၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုနှင့် ပြည်သူအများ လိုလားတောင့်တနေသည့် မျှော်လင့်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားပါသည်။ 

No comments:

Post a Comment