Thursday, March 12, 2015

အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း)အပေါ် အကြံပြုချက်များအား ဆွေးနွေးရန် ဒုတိယအကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်း ဆွေးနွေးပွဲ

အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း)အပေါ် အကြံပြုချက်များအား ဆွေးနွေးရန် ဒုတိယအကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်း ဆွေးနွေးပွဲကို (၉-၃-၂၀၁၅) ရက်နေ့မှ (၁၁-၃-၂၀၁၅) ရက်နေ့ထိ ရန်ကုန်မြို့၊ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ဆွေးနွေးပွဲ၏ တတိယနေ့တွင် မြေအသုံးချမှု မူဝါဒ သုံးသပ်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က မူဝါဒမူကြမ်းပါ အကြောင်းအရာများအား ပြင်ဆင်ဖြည့်စွက်ခြင်းကို အပြီးသတ်ဆောင်ရွက်ကြမည်ဖြစ်၍ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူပညာရှင်များ စုစည်းကာ နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှု မူဝါဒတစ်ရပ် ရေးဆွဲချမှတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်း မှာကြားပါသည်။

No comments:

Post a Comment