Thursday, March 12, 2015

တိုကျိုမြို့တွင် ကျင်းပသည့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာရှဒေသခေါင်းဆောင်မှု အစီအစဉ်၏ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ အစည်းအဝေး

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၅ ခုနှစ် မတ် (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာရှဒေသခေါင်းဆောင်မှု အစီအစဉ်၏ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သက်သက်ဇင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Shigeo Kitamura နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ Knowledge Management and Sustainable Development မှ ဒုတိယဥက္ကဌ Dr. Bindu N. Lohani တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

No comments:

Post a Comment