ဘရာဇီးနိုင်ငံက အက်ခရီးမြစ်ဟာ မှတ်တမ်းတင်
လောက်အောင် မြစ်ရေများ လျှံတက်ခဲ့ပြီး ဘရာဇီးလ် အနောက်ပိုင်းမှ လူထောင်ပေါင်း များစွာကို
ထိခိုက်စေခဲ့ပြီး နေအိမ်များကို စွန့်ခွာထွက်ပြေး ခဲ့ကြရကာ ရီယို-ဘရန်ကိုမှာ ကျောင်းများကိုလည်း
ပိတ်ခဲ့ရပြီး အစိုးရလုပ်ငန်း များလည်း ရပ်ဆိုင်းထား ရတဲ့အထိ ဆိုးဝါးခဲ့ပါသည်။ ရေကြီးနေသော
နေရာများမှာ လျှပ်စစ်မီးများလည်း ပြတ်တောက်နေပြီး အက်ခရီးမြစ်ဟာ ပုံမှန်ဆိုရင် ရေအနက်(၆)မီတာမှ
(၈)မီတာ (ပေ၂၀ကနေ ၂၆ပေ)ထိ ရှိသော်လည်း မတ်လ(၂)ရက်နေ့အထိ (၁၈)မီတာ (၅၉)ပေအထိ မြင့်တက်ခဲ့ခြင်း
ဖြစ်ပါသည်။ (၁၉၉၇)ခုနှစ် တုန်းကတော့ (၅၈)ပေအထိ ရေအမှတ် မြင့်တက်ခဲ့ဖူးပြီး လာမဲ့ရက်များ
အထိလည်း ရေများဆက်တိုး နေနိုင်ကြောင်း သိရပါသည်။ နေအိမ်ပေါင်း တစ်သောင်း ရှစ်ထောင်ကျော်
ရေအောက် နစ်မြုပ်ခဲ့ရကာ အရေးပေါ်အခြေအနေ ကြေငြာထားရသလို အကူအညီများ ပေးကြဖို့လည်း ပြောကြားခဲ့ကြ
ပါသည်။ တချို့ကလည်း ဆိုးဝါးစွာ ရေကြီးနေပေမဲ့ နေအိမ်ကို မစွန့်လိုပဲ တွယ်ကပ်နေနေ ကြသူတွေ
ရှိနေဆဲဖြစ်ပါသည်။ ရေဘေးဒုက္ခသည်များအတွက် သောက်သုံးရေနှင့် နွားနို့များ ပေးဝေပေးသွားဖို့အတွက်
အစိုးရက စီစဉ်ပေးထားပြီး လက်ရှိမှာ လူပေါင်း(၆)
ထောင်ခန့်ဟာ အရေးပေါ်ကူညီ ကယ်ဆယ်ရေး စခန်း(၅)ခုမှာ နေထိုင်နေကြရ လျှက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment