Tuesday, March 3, 2015

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတွင် ကားတစ်စီးပေါ်မှ ပေါင်(၄)သန်း တန်ဖိုးရှိရွှေများကို လက်နက်ကိုင်(၃)ဦးမှ လုယူပြီးထွက်ပြေး

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား အရှေ့ပိုင်းရှိ ပြည်နယ်ချင်းဆက်အမှတ် (၉၅)လမ်းမကြီး တစ်လျှောက်မှာ သင်္ဘောတင် ကုန်ပစ္စည်းသယ် ထရေတာ-ထွေလာ ကားတစ်စီးပေါ်မှ ပေါင်(၄)သန်း တန်ဖိုးရှိရွှေများကို လက်နက်ကိုင်(၃)ဦးမှ လုယူပြီးထွက်ပြေး သွားကြောင်း ရဲတပ်ဖွဲ့မှ မတ်လ(၃)ရက်နေ့က ပြောကြားခဲ့ပါသည်။ အဆိုပါကားမှာ လက်နက်ကိုင် အစောင့်(၂)ဦးပါပြီး ထရန်စ့်ဗဲလျူး ကုမ္ပဏီမှဖြစ်ကာ အတိုက်ခံရ ပြီးပြီးချင်းမှာ ဝယ်လ်ဆင် ကောင်တီမှ ရဲစခန်းသို့ အကြောင်းကြား ခဲ့ပါသည်။ ပြဿနာတစ်ခုကြောင့် ကားကိုလမ်းဘေးမှာ ထိုးရပ်ခဲ့စဉ်မှာ ဗန်ကားအဖြူနှင့် လက်နက်ကိုင်(၃)ဦး ရောက်ရှိလာပြီး မြေသို့မှောက် လက်ပြန်ကြိုးတုပ် ခံခဲ့ကြရပါသည်။ ဒေါ်လာ(၄)သန်းဖိုး လောက်ရှိသော ရွှေများကို ယူငင်ပြီးနောက် တောတွင်းသို့ ဝင်ရောက်သွားကြကြောင်း၊ အစောင့်တွေရဲ့ ပြောစကားအရတော့ ၄င်းတို့ဟာ မိုင်ယာမီမှ မက်ဆာချူးဆက်သို့ သွားရမှာဖြစ်ကြောင်း သိရပြီး အမှုကိုဆက်လက် စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါသည်။ ထရန်စ့်ဗဲလျူး ကုမ္ပဏီကတော့ အဆိုပါဓါးပြ တိုက်သူများကို လက်ရဖမ်းဆီးပေးပါက ဆုငွေဒေါ်လာ (၅)သောင်းပေးမယ်လို့ ကမ်းလှမ်းလိုက်ပါသည်။ ကျည်ကာလုံခြုံရေး သယ်ပို့ယာဉ်ဖြစ်တဲ့ အဆိုပါကုမ္ပဏီမှာ အလုပ်သမား ပေါင်း(၅၀)ရှိပြီး ယာဉ်ပေါင်း (၂၀)ရှိကြောင်း သိရှိရပါသည်။ 


No comments:

Post a Comment