တောင်အာဖရိကနိုင်ငံမှ စပျစ်ဝိုင်ထုတ်လုပ်သည့်
အော်ဒါစီယာ စက်ရုံသည် ဝိုင်ဘီယာနှင့် ဘရမ်ဒီတွေ ထုတ်လုပ်ခြင်းအတွက် ရူအီဘော့စ်လို့ခေါ်သည့်
တောင်အာဖရိကမှာ ပေါက်ရောက်သည့် လက်ဖက်ပင် တစ်မျိုးနှင့် ဟန်နီဘွတ်ခ်ျတို့ကို သုံးပြီး
ပြုလုပ်သည့် နည်းစနစ်အသစ်ကို အသုံးပြုပြီး ဒေသတွင်းမှာ ထင်ရှားသည့် စက်ရုံတစ်ခုအဖြစ်
ပြောင်းလဲရန် ကြိုးစားနေကြောင်းသိရပါသည်။ ရူအီဘော့စ်နဲ့ ဟန်နီဘွတ်ခ်ျတို့သည် ဝိုင်ကို
သဘာဝအတိုင်း ကြာရှည်ခံရန် ထောက်ပံ့ပေးနိုင်ကြောင်းနှင့် ၄င်းတို့မှာ စွမ်းအားပြည့်
အန်တီအောက်ဆီးဒန့် ဓာတုဓာတ်ပေါင်းတွေ ပါဝင်ကြောင်း သုတေသနပြုချက် တစ်ခုကနေ တွေ့ရှိခဲ့တာ
ဖြစ်ပါသည်။ ဒီနည်းစနစ်သည် ကြာရှည်ခံပစ္စည်းများ၊ ကုန်ကြမ်းအတုများနှင့် ဆာလဖာဒိုင် အောက်ဆိုဒ်
စသည့်လိုအပ်မှုတွေကို ဖယ်ရှားပေးနိုင်တယ်လို့ သိရပါသည်။ ဝိုင်ထုတ်လုပ်သူများသည် အရင်ကသုံးခဲ့သည့်
ဝက်သစ်ချသား သုံးမည့်အစား ၄င်းလက်ဖက်များကို ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါသည်။ ကာဖင်းဓာတ်
မပါဝင်သည့် ပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် အတွက်ကြောင့် ရိုအီဘော့စ်ဝိုင်သည် ကျန်းမာရေးကို
အလေးထားသည့် လူများအတွက် သင့်တော်ပြီး ၄င်းလုပ်ငန်းကြောင့် ဝက်စတန်း-ကိပ်မှာ ရှိတဲ့ဒေသခံ
(၁)သိန်းခြောက်သောင်းခန့်အတွက် အလုပ်အကိုင်များ ရရှိစေခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ
သိရှိရပါသည်။
No comments:
Post a Comment