Wednesday, March 11, 2015

အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်း လာရီယိုဂျာ တောင်တန်းဒေသတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွား

အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်း လာရီယိုဂျာ တောင်တန်းဒေသတွင် ပြီးခဲ့သည့် တနင်္လာနေ့က ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ ပြင်သစ်အားကစားသမား အကျော်အမော် အိုလံပစ် ရေကူးကစားသမား ခမ်မီလီမပ်ဖော့ နှင့်  လက်ဝှေ့အကျော်အမော် အလက်ဇစ်-ဗက်စတင်း အပါအဝင် လူ(၁၀)ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ လေယာဉ်မှူးနှစ်ဦးသည် အာဂျင်တီးနားနိုင်ငံမှ ဖြစ်ပြီး ခရီးသည်များကတော့ ပြင်ပနိုင်ငံသားများ ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါလေယာဉ်သည် သတင်းမီဒီယာ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကို တင်ဆောင်လာခြင်း ဖြစ်ပါသည်။ အင်ဒီးစ်တောင်တန်းအနီး လာ-ရီယိုဂျာပြည်နယ် အနောက်ပိုင်းဒေသမှာ လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment