Saturday, March 28, 2015

ဆီရီယယ်လျူန်းနိုင်ငံ ဖရီးတောင်းရှိလမ်းမများအား ဒုတိယအကြိမ်မြောက် သုံးရက်ကြာပိတ်ထား

 အီဘိုလာရောဂါ ဆိုးရွားစွာ ကူးစက်ခံရသည့် နိုင်ငံများထဲက တစ်နိုင်ငံဖြစ်သည့် ဆီရီယယ်လျူန်းနိုင်ငံ ဖရီးတောင်းမြို့သည် တစ်မူထူးခြားစွာနှင့် တိတ်ဆိတ်ငြိမ်သက် နေခဲ့ကြောင်း သိရပါသည်။ အီဘိုလာရောဂါ ကူးစက်မှုကို ဟန့်တားသည့် လှုပ်ရှားဆောင်ရွက်မှု တစ်ခုအဖြစ် ဆီရီယယ်လျူန်းနိုင်ငံ ဖရီးတောင်းရှိ လမ်းမများအား ဒုတိယအကြိမ်မြောက် သုံးရက်ကြာ ပိတ်ထားခြင်းကို မတ်လ(၂၇)ရက်နေ့က စတင်ခဲ့ပါသည်။ ကျန်းမာရေးဆိုင်ရာ စေတနာ့ဝန်ထမ်း ရာပေါင်းများစွာဟာ ဖရီးတောင်းမြို့ တစ်ဝန်းကို ဖြန့်ကျက်ပြီး ပုန်းအောင်းနေသည့် အီဘိုလာ လူနာရှင်များအား ရှာဖွေနေကာ ဒီကူးစက်ရောဂါနှင့် ပတ်သတ်ပြီး သတိပေးချက်တွေလဲ မြင့်တက်နေပါသည်။ ပြီးခဲ့သည့် တစ်နှစ်ကျော်က ရောဂါကူးစက်ခြင်း ခံရသည်ဟု ကြေငြာခဲ့ပြီး ကတည်းက ဆီရီယယ်လျူန်းနိုင်ငံမှာ ရောဂါကူးစက်မှုပေါင်း (၁သောင်း၂ထောင်) နီးပါး ဖြစ်ပွားခဲ့ကာ သေဆုံးမှုပေါင်း (၃ထောင်)ကျော် ရှိခဲ့ပါသည်။ အီဘိုလာကူးစက်မှု အမြင့်ဆုံးလဖြစ်သည့် ဒီဇင်ဘာလမှာ တစ်ပတ်လျှင် ကူးစက်မှုအသစ် (၅၀ဝ)ကျော် ရှိနေရာမှ ယခုလ(၂၂)ရက်ထိ တစ်ပတ်ကို (၃၃)ခုထိ ထူးထူးခြားခြား လျော့ကျသွားခဲ့ပါသည်။ ဆီရီယယ်လျူန်း နိုင်ငံဟာ လာမည့် ဧပြီလလယ်မှာ အီဘိုလာရောဂါကို အပြည့်အဝ ထိန်းချူပ်နိုင်ရန် ရည်မှန်းထားကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment