ပီရူးနှင့်
အီတလီကြား လေကြောင်း ပို့ဆောင်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်မှာဖြစ်ကြောင်း
ကြေငြာခဲ့ပြီးနောက် ပီရူးနိုင်ငံသည် အီတလီကနေ ကယ်ဆယ်ရေး လေယာဉ်(၄)စင်းကို ဝယ်ယူမှာဖြစ်ကာ
ပထမဆုံး လေယာဉ်ကို မတ်လ(၂၇)ရက်နေ့က လက်ခံရရှိခဲ့ပါသည်။ ယခုလို ဝယ်ယူခြင်းသည် နှစ်နိုင်ငံကြား
ပူးပေါင်းဆောင်ရွက်မှု၏ အစဖြစ်ပြီး သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေစေရုံသာမက နှစ်နိုင်ငံကြား
သိပ္ပံဆိုင်ရာ နည်းပညာတွေကို နှီးနှောဖလှယ်နိုင်မှာ ဖြစ်ပါသည်။ ဒါ့ပြင် ပီရူးနိုင်ငံမှာ
စက်မှုနိုင်ငံ တည်ထောင်ရန်အတွက် အထောက်အပံ့များစွာ ရရှိမှာဖြစ်သည်ဟု ပီရူးနိုင်ငံ ကာကွယ်ရေးဝန်ကြီးက
ပြောကြားခဲ့ပါသည်။ အီတလီနိုင်ငံထုတ် ဂျက်လေယာဉ်ဟာ ခရီးသည်(၆၀)ကျော်ကို တင်ဆောင်နိုင်ပြီး
လူသားချင်း စာနာမှုဆိုင်ရာများနှင့် တခြားသယ်ယူ ပို့ဆောင်ရေး မစ်ရှင်များကိုပါ လုပ်ဆောင်နိုင်မှာ
ဖြစ်ပါသည်။ ဒီလေယာဉ်သည် အီတလီနိုင်ငံမှ ပီရူးသို့ ပို့ဆောင်သည့် လေယာဉ်(၄)စင်းထဲမှ
ပထမဆုံး လေယာဉ်ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။
No comments:
Post a Comment