Tuesday, March 3, 2015

အီရတ်နိုင်ငံ ဘက်မှာလည်း အိုင်အက်စ်တွေကို မြေလှန်ပစ်နိုင်ရန် တိုက်ခိုက်မှုများအား တိုးမြှင့်

ဆီးရီးယား သာမက အီရတ်နိုင်ငံ ဘက်မှာလည်း အိုင်အက်စ်တွေကို မြေလှန်ပစ်နိုင်ဖို့ တိုက်ခိုက်မှုများအား တိုးမြှင့်ခဲ့တာကို အခုတပတ်အတွင်းမှာ သိသိသာသာ မြင်တွေ့လာ ရပါသည်။ အခုလည်း ရှီယိုက်တိုက်ခိုက်ရေး သမားများစွာဟာ အီရတ်လက်နက် ကိုင်တပ်များနှင့် ပူးပေါင်းပြီးနောက် အိုင်အက်စ်များကို တိုက်ထုတ်ဖို့ ပြင်လာခဲ့ပြီ ဖြစ်ပါသည်။ လက်နက်ကိုင်များ အခိုင်အမာ ထိန်းချုပ်ထားသော ဘက်ဂဒက် မြောက်ပိုင်းကို အလုံးအရင်း နဲ့ဝင်ရောက် တိုက်ခိုက်နေပြီး (၂-၃-၂၀၁၅)ရက်နေ့က အီရတ်တပ်ဖွဲ့ များစွာဟာ တီကရစ်မြို့ကို ပြန်လည်သိမ်းပိုက် နိုင်ဖို့နှင့် ဆာလာဟူဒင် ပြည်နယ်တစ်ဝန်းကို ထိုးစစ်ဆင်ခဲ့ကြ ပါသည်။ အပြန်အလှန် ပစ်ခတ်မှုများနှင့် လမ်းဘေးထောင် ဗုံးများကြောင့် တပ်ဖွဲ့ဝင်(၁၆)ဦး၊ စစ်သား(၅)ဦးနှင့် လက်နက်ကိုင် (၁၁)ဦးတို့ သေဆုံးခဲ့ကြကြောင်း အီရတ်စစ်တပ်က ပြောကြားခဲ့ပါသည်။ တိုက်ပွဲတွေက အတော့်ကိုပြင်းထန်ပြီး အန္တရာယ်နှင့် နီးကပ်လွန်းကာ လက်နက်ကိုင်တွေ နယ်မြေဆုတ်ခွာ ထွက်ပြေးသွားဖို့ထက် နောက်တစ်ခါ ပြန်မလာ နိုင်အောင်အထိ ရှင်းလင်းပစ် နိုင်ဖို့ကိုပါ စဉ်းစားပြီး တိုက်နေတာဖြစ်ကြောင်း အီရတ်တပ်မှူး တစ်ဦးက ပြောကြားခဲ့ပါသည်။ လပေါင်းများစွာ အခိုင်အမာ တပ်စွဲခဲ့တာကြောင့်မို့ တီကရစ်က အိုင်အက်စ်တွေကို အင်အားအများအပြား အလုံးအရင်းနှင့် တိုက်နေကြရ လျှက်ရှိကြောင်း သိရှိရပါသည်။ 


No comments:

Post a Comment