Monday, March 2, 2015

ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်သို့ ရောက်ရှိပြီး မီးဘေးသင့်မှုများအား ကြည့်ရှု

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လူမှုရေး ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥက္ကဌ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်သို့ ရောက်ရှိပြီး မီးဘေးသင့်မှုများအား ကြည့်ရှုကာ ခါတော်မီ ဘုန်းတော်ကြီးကျောင်း၌ စေတနာ ညကျောင်းအတွက် ငွေကျပ်(၁)သိန်း၊ မီးဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀ဝ.၅)သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၁၃.၉၁)သိန်းကျပ်၊ ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားသော INGOs များနှင့် ပုဂ္ဂလိက အလှူရှင်များမှ (၉.၆)သိန်း၊ စုစုပေါင်းငွေသား (၁၂၅.ဝ၁)သိန်းကျပ်နှင့် (၄၃.၃၁)သိန်းခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးပြီး မီးဘေးသင့် ပြည်သူများကို အားပေးစကား ပြောကြားပါသည်။


No comments:

Post a Comment