စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဇေယျာအောင်သည် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမသဘာဝဓါတ်ငွေ့
ထိန်းသိမ်းဖြန့်ဖြူးရေး စခန်းဝင်းအတွင်းရှိ Nitrogen
Removal Unit တည်ဆောက်ရေးလုပ်ငန်း
ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်မှာ မြန်မာ့ရေနံနှင့်
သဘာဝဓါတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူများက လုပ်ငန်းခွင် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး
ပြည်ထောင်စုဝန်ကြီးက စက်ရုံနှင့် ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ပတ်ဝန်းကျင်ဆိုင်ရာ
ကိစ္စရပ်များအား သေချာစွာ ဆောင်ရွက်ထားရှိရေးနှင့် လုံခြုံရေးကိစ္စရပ်များအား အလေးထား
ဆောင်ရွက်ရေး မှာကြားခဲ့ပါသည်။
No comments:
Post a Comment